ဂယ်ဆန်းအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးတွေ ဖြစ်ကြတဲ့ ဂျာယောင်း (Yeri) အပါအဝင် ဒုံဂျွန်း၊ ဂီဟို၊ ယယ်အွန်း၊ မီယွန်းတို့ သူငယ်ချင်း ၅ ဦးဟာ ဆုကြေးငွေ သိန်း ၅၀၀ ရရှိမဲ့ Youtube ဗီဒီယိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ဝိညာဉ်ခေါ်တဲ့ ဗီဒီယိုကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဝိညာဉ်ဝင်ပူးခံဖို့အတွက်ကိုတော့ ဂျာယောင်းရဲ့ ညီမဖြစ်သူ ဆောအူကို အကူအညီတောင်းပြီးနောက်မှာဗီဒီယိုရိုက်ကူးဖို့အတွက် ၆ ယောက်အတူ မြေအောက်ရေလှောင်ဆည်ကြီး ရှိရာ အဆောက်အအုံပျက်ကြီးဆီ ဦးတည်ထွက်ခွာလာကြတဲ့အခါမှာတော့...များစွာသော စွန့်စားမှုတွေ အခက်အခဲတွေကြားကနေ သူတို့ ၆ ဦး ဝိညာဉ်ခေါ်ဗီဒီယိုကို အောင်မြင်စွာ ရိုက်ကူးနိုင်သွားမလား....ဘယ်လိုအလှည့်အပြောင်းလေးတွေ ဖြစ်ပေါ်လာဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်ဖိုစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။