ဇာတ်လမ်းအစကိုတော့ ငယ်ပေါင်းသူငယ်ချင်းတစ်စု အဲလ်ဘတ်နဲ့အေဒါတို့ရဲ့ စေ့စပ်ညပါတီပွဲတက်ပုံနဲ့ စထားပါတယ်။ အဲလ်ဘတ်တို့ပိုင်ထားတဲ့ ဒက်ဘရာ(Deborah)ဆိုတဲ့ AI က အချိန်ကိုရပ်ပြီး အချိန်အနည်းငယ်လောက်ကိုပြန်ရစ်ပေးနိုင်တာပါ။ အဲလ်တို့က ပြီးပြည့်စုံတဲ့ညကိုဖန်တီးနိုင်ဖို့အတွက် အချိန်ကိုခဏခဏပြန်ရစ်ကြပါတယ်။ အစကတော့ ဘေးထွက်ဆိုးကျိုးကြောင့် တခြားသူတွေက Déjà Vu လိုမျိုးပဲခံစားရပေမယ့် ကြာလာတော့ရိပ်မိသွားပါတယ်။ အားလုံးသိကုန်ကြတဲ့အချိန်မှာ အကုန်ဝိုင်းသုံးကြရင်း ပေါက်ကရလေးဆယ်တွေစဖြစ်ကုန်ပါတော့တယ်။