Strange Frequencies: Taiwan Killer Hospital HD

Strange Frequencies: Taiwan Killer Hospital

Horror HD 2024-12-25 7 91 Min

Strange Frequencies: Taiwan Killer Hospital ကတော့ နာမည်ကျော် Gonjiam: Haunted Asylum ရဲ့ Phillipine Remake ဖြစ်ပြီး စက်တင်ဘာ ၅ ရက်နေ့ကစပြီးနက်ဖလစ်မှာထုတ်လွှင့်ခဲ့တဲ့နောက် ဖိလစ်ပိုင်နက်ဖလစ် Top 10 မှာ နံပါတ် 1 နေရာနဲ့ပွဲဦးထွက်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း ဖိလစ်ပိုင်ရဲ့နာမည်ကျော်သရုပ်ဆောင်တွေ ဆယ်လီတွေပါဝင်တဲ့အုပ်စုတစ်ခု Strange Frequencies ဆိုတဲ့သရဲလိုက်အစီအစဉ်တစ်ခုအတွက်ထိုင်ဝမ်ရဲ့တစ္ဆေအခြောက်ဆုံးနေရာတစ်ခုဖြစ်တဲ့ ရှင်လင်း ဆေးရုံကိုခွင့်ပြုချက်မဲ့သွားရောက်ရိုက်ကူးရာကနေ ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်ရပ်တွေနဲ့ရင်ဆိုင်တွေ့ကြုံရပုံကို Found Footageပုံစံနဲ့တွေ့မြင်ရမှာပါ။ Gonjiam ကိုကြိုက်ခဲ့တဲ့သူတွေပါ သဘောကျနှစ်ခြိုက်စေမယ့်ဇာတ်ကားဖြစ်အောင်ပြန်လည်ဖန်တီးသူတွေက အားထုတ်ကြိုးစားခဲ့ကြပြီး ရလဒ်ကလည်း ကျေနပ်စရာဖြစ်ပါတယ်။ဝေဖန်သူတွေရဲ့အကောင်းမြင်မှတ်ချက်တွေကို ရရှိထားတဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာဇာတ်ကားကောင်းတစ်ခုပါပဲ။