Prisoner of War FHD

Prisoner of War

Action History Thriller War FHD 2025-09-19 8.5 113 Min

ဒုတိယကမ္ဘာစစ်၊ ဂျပန်က အရှေ့တောင်အာရှရဲ့ နေရာအတော်များများကို သိမ်းထားပြီးချိန်။ဘတအန်းတိုက်ပွဲလို့ခေါ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်တွေက တစ်ဖက်၊ ဂျပန်ကတစ်ဖက် တိုက်ခိုက်နေချိန် စစ်ပွဲအရှိန် အမြင့်မားဆုံးကာလ ဖြစ်တယ်။ တော်ဝင်ဗြိတိသျှလေတပ်က တပ်စုတစ်ခု ကျွန်းဆွယ်နားကို ချဉ်းကပ်လာချိန် ပစ်ချခံလိုက်ရတဲ့အတွက် လေတပ်အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ရိုက်ဆိုသူကလွဲပြီး သူနဲ့အတူပျံသန်းလာတဲ့ လေယာဉ်တွေအကုန် ပင်လယ်ထဲပျက်ကျခဲ့တယ်။ သူတစ်ယောက်တည်းကသာ ကျွန်းပေါ်ကို ရောက်အောင်ကူးလာနိုင်ခဲ့တယ်။ ကျွန်းပေါ်ရောက်ရောက်ချင်းပဲ ဂျပန်တွေဖမ်းဆီးတာကို ခံလိုက်ရပြီး စစ်သုံ့ပန်းဖြစ်လာခဲ့တယ်။ ကိုယ်ခံပညာနဲ့ပတ်သက်လို့ အတော်လေးတတ်ကျွမ်းတဲ့ ‘ရိုက်’ကို စခန်းကွန်မန်ဒါက သူ့လက်အောက်ကထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ခိုက်ခိုင်းတယ်။ ရိုက်က ထွက်ပြေးမယ်လို့ ကြံပြန်တော့ အရင်ကတည်းက ဖမ်းခံထားရတဲ့ အမေရိကန်စစ်သားတွေကပြေးရမယ့်လမ်းကိုပြတယ်။ ထွက်ပြေးတာကပြဿနာ မဟုတ်ဘူး။ ပြဿနာက စခန်းရဲ့ပတ်ပတ်လည်က တောအုပ်ပဲရှိနေတဲ့အတွက် စခန်းထဲကို ပြန်အဝင်မှာ ဖမ်းခံရမယ်၊ အဲဒီအခါ သေမင်းစစ်ချီခရီးကို ချီတက်ရမယ်။ မြောက်ပိုင်းမှာရှိတဲ့ စခန်းကိုပို့ခံရလိမ့်မယ်ပေါ့။ ခရီးကကြမ်းလွန