Mouseboat Massacre HD

Mouseboat Massacre

Horror HD 2025-05-09 4.7 82 Min

မီမီဂျက်ဆန်ဆိုတဲ့အမျိုးသမီးဟာ ၂၀ ကျော်အရွယ်မှာပဲ မူးယစ်ဆေးကြောင့် ဒုက္ခရောက်နေခဲ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ မူးယစ်ဆေးစွဲလမ်းနေတာကို အိမ်ကသိရှိသွားပြီးတဲ့နောက်ပိုင်းမှာ ပြန်နာလည်ထူပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မီမီဟာ တစ်ချိန်ကဆေးအရမ်းစွဲခဲ့တာဖြစ်တဲ့အတွက် အိမ်မှာပဲ သူ့ကိုဆေးဖြတ်ပြီးကုတဲ့အခါမှာ အိမ်သူအိမ်သားတွေအခက်တွေ့ခဲ့ရပါတယ်။ ရံဖန်ရံခါ မီမီဟာ စိတ်ကစဉ့်ကလျားထထဖြစ်ပြီး ထင်ယောင်ထင်မှားတွေဖြစ်လာပါတယ်။ ဒါ့အပြင် ဆရာဝန်ညွှန်းပေမယ့် အများကြီးစွဲနိုင်တဲ့ အောက်စီကိုတိန်းဆိုတဲ့ဆေးကို ခိုးခိုးပြီး အပုံလိုက်သောက်ပြီး သူ့ကို အိမ်သူအိမ်သားတွေ လာထိန်းတဲ့အချိန်မှာလည်း စိတ်ပေါက်ရင်ပေါက်သလို ဆွဲလားရမ်းကား ကိုယ်ထိလက်ရောက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့မိဘတွေဟာ သူ့ကို သောက်ဆေးတွေ လက်လှမ်းမမှီနိုင်တဲ့တောအုပ်အစွန် ချောင်းကမ်းဘေးနားတစ်ခုက စံအိမ်လေးတစ်ခုကို ရက်ပိုင်းခရီးသွားဖို့ခေါ်ခဲ့ပါတယ်။ ပြဿနာမတက်အောင် အပြင်လူတွေနဲ့ သီးခြားနေဖို့ မိသားစုဝင်တွေကြံဖန်ခဲ့ပေမယ့်လည်း မီမီတစ်ယောက်စိတ်မထိန်းနိုင်သေးတဲ့အခါမှာ ချောင်းကမ်းဘေးစံအိမ်က အခန်းတစ်ခန်းထဲမှာအလုံပိတ်သီးသန့်ထားဖို့ထပ်ဖြစ်လာပါတယ်။ အဲဒီအချိန်မှာမှ မီမီဟာ ဆေးတဲ့ဝေးတာအတန်အသင့်ကြာလို