ခရစ်(စ်)၊ စလီနာနဲ့ ဂျေဆန်တို့ဟာ သရဲအိမ်တွေ သရဲခြောက်တဲ့နေရာတွေမှာ လိုက်နေပြီး ရိုက်ကူးလေ့ရှိတဲ့ သူငယ်ချင်းတစ်သိုက်ပါ။ တစ်နေ့မှာတော့ အီဒင်ပေါ်ကအိမ် ဒါမှမဟုတ် ဧဒင်( ဥယျာဉ် ) လယ်ကအိမ်ဆိုပြီး လူခေါင်တဲ့နေရာတစ်ခုမှာ သရဲခြောက်အိမ်ရှိတယ်ဆိုပြီး သတင်းရလို့ သူ့သူငယ်ချင်းတွေနဲ့အရင်သွားရိုက်ဖို့စီစဉ်ထားတဲ့ သုသာဉ်အစီအစဉ်ကိုဖျက်ပြီး တောအုပ်ထဲက အဲဒီအိမ်လေးကိုခေါ်သွားခဲ့ပါတယ်။ ထူးဆန်းတာတစ်ခုက အိမ်ကရေမီးလည်းမရှိ ဘယ်သူမှမနေပေမယ့်လည်း ဖုန်တက်တက်စင်အောင်ပြောင်နေတာပါ။ တစ်ချိန်တည်းမှာလည်း လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက ဒီအိမ်နားတစ်ဝိုက်မှာပဲ ကလေးမငယ်လေးတစ်ယောက်ပျောက်သွားတယ်လို့လည်း သတင်းတင်းကထွက်ထားပြန်ပါတယ်။ ဒီလိုနဲ့ပဲ သူငယ်ချင်းသုံးယောက်သား ဘယ်လိုအနိဌာရုံတွေနဲ့တိုးတော့မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။