မီလာဟာ ဂူနာဝမ်မိသားစုဆိုတဲ့ ဒိတ်ဒိတ်ကြဲ လူချမ်းသာ မိသားစုရဲ့ချွေးမတစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးရဲ့အိမ်မှုကိစ္စတာဝန်တွေကိုအားလုံးယူထားရပါတယ်။ယောက္ခမနဲ့ခင်ပွန်းဖြစ်သူအလိုကျ ထားရာနေစေရာသွားဘ၀မျိုးဖြစ်ပြီးသူ့မှာကိုယ်ပိုင်ဘ၀ရှိတာကိုတောင်မေ့လျော့နေခဲ့ရတဲ့အထိပါပဲ။ယောက္ခမဖြစ်သူရဲ့မွေးနေ့ပွဲအတွက် ပြင်ဆင်ရင်းအလုပ်များနေဆဲ သူ့မျက်နှာမှာအင်ပြင်လိုအဖုအထစ်တွေနဲ့အရေပြားရောဂါတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။သူ့ကိုတတ်ကျွမ်းနားလည်သူတွေနဲ့အမျိုးမျိုးတိုင်ပင်ကုသပေမယ့် ဘာရောဂါမှမရှိဘူးဆိုတဲ့ အဖြေတစ်မျိုးတည်းသာထွက်သလို ရောဂါကလည်းဆိုးသထက်ဆိုးလာသူ့အိမ်မက်ဆိုးတွေထဲမှာလည်း ဂရေစ့်ဆိုတဲ့ ကလေးမလေးတစ်ယောက်ကိုထပ်ကာတလဲလဲမြင်တွေ့လာချိန်မှာတော့...ဂရေစ့်က ဘယ်သူလဲ?သူလက်ရှိကြုံနေရတဲ့ ပြဿနာတွေနဲ့ဘယ်လိုအစပ်အဆက်တွေရှိလာမလဲ?ဖြစ်နေတာတွေရဲ့ မူလဇစ်မြစ်ကရော ဘယ်ကလဲ?အစရှိတာတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။အင်ဒို Thriller/ Horror တွေထဲမှာစတိုင်တစ်မျိုးထူးထူးခြားခြားနဲ့မြင်တွေ့ရမယ့် ဇာတ်ကားပါပဲ။