Beautiful! HD

Beautiful!

Comedy Drama HD 2025-03-07 6 119 Min

ဒီဇာတ်ကားလေးကတော့ Polish Comedy-drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Katarzyna Priwieziencew က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မီးဖွားပြီးနောက် လုပ်ငန်းခွင်ကိုပြန်ဝင်ချင်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်အကြောင်း၊ဆယ်စုနှစ်နဲ့ချီပြီး အိမ်ထောင်သက်ရှိနေပြီဖြစ်တဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အချစ်ကိုပြန်လည်ရှာတွေ့သွားတဲ့အကြောင်း၊ မော်ဒယ်လောကမှာ အောင်မြင်ဖို့ကြိုးစားနေတဲ့ တက်သစ်စမော်ဒယ်မလေးအကြောင်း စတဲ့ အသက်အရွယ်မတူညီကြတဲ့ အမျိုးသမီးခြောက်ယောက်ရဲ့ အရေးပါတဲ့ဘဝအလှည့်အပြောင်းတွေကို ရင်ဆိုင်နေရပုံကိုရိုက်ကူးထားတာပါ။သူတို့တစ်ယောက်ခြင်းစီရဲ့ဇာတ်လမ်းဟာ အမျိုးသမီးတွေရဲ့ ရုန်းကန်မှုတွေ နေ့တိုင်းရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုမီးမောင်းထိုးပြထားပါတယ်။ ဇာတ်လမ်းအသွားက အချိတ်အဆက်မိမိနဲ့ အရမ်းကြည့်လို့ကောင်းပြီးတော့ ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားစေစိတ်ခွန်အားရစေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ IMDb မှာလည်း 6.0/10 ဆိုတဲ့ rating ကောင်းတစ်ခုကိုလည်း ရရှိထားပါတယ်။