Crack: Back in Da Hood HD

Crack: Back in Da Hood

Action HD 2024-01-05 8.3 81 Min

အက်ရှင်နဲ့ ဒရမ်မာကို နှစ်သက်တဲ့ပုရိတ်သတ်တို့အတွက် မူးယစ်ဆေးဝါးဂိုဏ်းတွေအကြောင်း၊ လမ်းဘေးလူနေမှုပုံစံတွေကိုအသားပေးရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ တစ်ချိန်က နာမည်ကြီး မူးယစ်ဆေးဝါးရောင်းသူ နီနို ဘလက် က ထောင်ထဲမှာ ဆယ်နှစ်ကြာ ထောင်ကျခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တယ်။အပြင်လောကကိုရောက်ရှိချိန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အလုပ်ကို ရပ်တန့်ပြီး ဘဝသစ်တစ်ခု စတင်ဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့လည်း သူ့အတိတ်က သူ့နောက်ကိုတကောက်ကောက်လိုက်နေခဲ့တယ်။ သူ့ရန်သူတွေ လက်ရှိမူးယစ်ဆေးဝါးရောင်းနေသူတွေ အကုန်လုံးက သူ့ကို စိန်ခေါ်နေခဲ့တယ်။ နီနိုက အတိတ်ဘဝကနေ ရုန်းထွက်ပြီး ဘဝသစ်ကို တည်ဆောက်နိုင်ဖို့ ဘယ်လို ကြိုးစားရမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။သူစိတ်ကူးထားတဲ့ ဘဝသစ်လေးမှာသူ့ချစ်သူလေးနဲ့အတူ ဖြတ်သန်းနိုင်မှာလား???ဒါမှမဟုတ် အတိတ်က အရိပ်မဲကြီးကပဲ သူ့ဘဝကို ဝါးမြိုသွားမလားဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါအုံး....