Lavi 2: Scores Again HD

Lavi 2: Scores Again

Comedy HD 2025-04-17 6.8 110 Min

(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)အခုတစ်ခါမှာတော့ လာဗီဟာချက်ဇ်ဘောလုံးလောကမှာအောင်မြင်ပြီးနောက်ပိုင်း ပြည်ပမှာကစားဖို့အတွက်အခွင့်အရေးကဖန်လာပါပြီ။ ဖြစ်ချင်တော့ အင်္ဂလန်နိုင်ငံကသရဲနီများအသင်းမှာကစားဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ အင်္ဂလန်ကိုသွားဖို့လုပ်တဲ့အခါမှာ လေယာဉ်ပေါ်တက်ခါနီး သူ့ရဲ့မန်နေဂျာက အရေးပေါ်ဖြစ်လို့ သူ့နောက်မလိုက်နိုင်တဲ့အခါ ဘုမသိဘမသိနဲ့ ခြေကောင်းပြီးနာမည်ကြီးလာတဲ့ လာဗီတစ်ယောက် ပတ်မွှေရင်း အကုန်အုတ်အော်သောင်းနင်းတွေထပ်ဖြစ်လာပါတယ်။ ဒါတင်မကဘဲ အင်္ဂလန်ကိုရောက်သွားတော့လည်း စကားမပီတပီနဲ့ အာသွားချောင်တဲ့အခါမှာ အသင်းသားတွေက အဲဒါကိုဗွေယူပြီး လူမျိုးရေးခွဲခြားတဲ့ပြဿနာဖြစ်ကာလာဗီအရှုပ်တော်ပုံကြီး တဖန်ပြန်စလာပါတော့တယ်။