Avatar မင်းသားကြီး Sam Washiton နဲ့ Venom ထဲမှာ Villain အဖြစ် ပါဖူးတဲ့ Riz Ahmed ဆိုတာ Sound of Metal , Nightcrwler တို့နဲ့ အမ်မီဆုကြီးတွေရထားတဲ့နာမည်ကြီး မင်းသား ၂ ယောက် အပြိုင်ကြဲထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။Character ၅ ယောက်လောက်နဲ့ အလှည့်အပြောင်း Plot Twist & Turn တွေအရမ်းကောင်းပါတယ်။အင်းဆက်ပိုးမွှားဒဏ်ခံနိုင်တဲ့ ဂျုံပြောင်း မျိုးစေ့ကို ဆေးဝါးကုမ္ပဏီကြီးတစ်ခုက တီထွင်နိုင်ခဲ့ပေမဲ့ စားသုံးသူတွေအတွက် နောက်ဆက်တွဲရောဂါအကျိုးဆက်တွေအများကြီး ရှိနိုင်တာကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဇီဝနည်းပညာသိပ္ပံပညာရှင် ဆာရာဂရန့်ကို ကုမ္ပဏီက မပေါက်ကြားရစာချုပ် NDA ကိုလက်မှတ်ထိုးခိုင်းပြီးအလုပ်ထုတ်လိုက်ပါတယ်။ဖြစ်ချင်တော့ ဆာရာမှာ ဒီအချက်လက်တွေပါတဲ့ စာတမ်းရီပို့ကို အလုပ်မထွက်ခင် ယူလာခဲ့ပါတယ်။ဒီဟာကို ကုမ္ပဏီပြန်အပ်ရမလား.လူသိရှင်ကြားဖော်ထုတ်ရမလား ဝေခွဲမရဖြစ်နေတဲ့အချိန် သူ့နောက်ကို ဒီစာတမ်းအချက်အလက်ပြန်ယူဖို့အတွက်ကြေးစားတွေလိုက်လာပါတော့တယ်။ဆာရာဘက်ကလည်း ကြားခံကူညီပေးတဲ့ လျှိုံဝှက်အဖွဲ့အစည်းကို အကူညီတောင်းရင်..၃ ပွင့်ဆိုင် ဇာတ်လမ်းတစ်ခုဖြစ်လာပါတယ်။