M HD

M

Crime Drama Thriller Mystery Romance HD 2007-10-25 5.8 110 Min

မင်ဝူ (Gang Dong-Won) ဟာ အိပ်မက်ဆိုးတွေ ထင်ယောင်ထင်မှားတွေရဲ့ ခြောက်လှန့်မှုကို ခံနေရတဲ့ လူငယ်စာရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထုတ်ဝေမှု အောင်မြင်သွားပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက မင်ဝူရဲ့ အသစ်ထွက်မဲ့စာအုပ်ကို စောင့်စားနေကြပေမဲ့ သူကတော့ စာတစ်လုံးမှမရေးနိုင်သလိုနေ့စဉ်ဘဝကိုလည်း ပုံမှန်လူတွေအတိုင်း ဖြတ်သန်းနိုင်ခြင်း မရှိတော့တဲ့အပြင် သူ့ကို အမြဲတမ်း တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရပြီးတော့ ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်အပိုင်းအစတစ်ခုထဲက မိန်းကလေးတစ်ဦးကို ချစ်မိနေပေမဲ့ အဲဒီမိန်းကလေးရဲ့ နာမည်... သရုပ်မှန်... အိပ်မက်လား.... လက်တွေ့လားဆိုတာကို သူကိုယ်တိုင်တောင် မသိတဲ့အခါမှာတော့...သူ့ကို အမြဲတမ်း စောင့်ကြည့်နေတဲ့သူက ဘယ်သူလဲ... သူ မြင်နေရတဲ့ မိန်းကလေးဟာ အိပ်မက်လား...လက်တွေ့လားဆိုတာကို... ဒီ ပဟေဠိဆန်တဲ့ လျှို့ဝှက်သည်းဖိုကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်လိုက်ပါဦးနော်။