Pretty Crazy HD

Pretty Crazy

Comedy Mystery Romance HD 2025-08-13 6 113 Min

အီဂီဂူ (Ahn Bo-Hyun) ဆိုသူဟာ ကုမ္ပဏီကနေ အလုပ်ထွက်ပြီးနောက် အိမ်မှာပဲ အချိန်ကုန်ဆုံးနေတဲ့ အလုပ်လက်မဲ့လေးပါ။ ဒီလိုနဲ့ တစ်နေ့မှာ ဂီဂူရဲ့အောက်ထပ်အိမ်ကို ဂျောင်ဆွန်းဂျီ (Yoona) တို့ မိသားစု ပြောင်းလာပါတော့တယ်။ ဆွန်းဂျီက အလှလေးဆိုတော့ ဂီဂူလည်း မြင်မြင်ချင်း ကြွေဆင်းသွားခဲ့တာပေါ့။ဒါပေမဲ့ ဆွန်းဂျီရဲ့ ထူးခြားချက်တစ်ခုက အရုဏ်တက်ချိန်ရောက်တိုင်း သူ့ကိုယ်ထဲက နတ်ဆိုးက နိုးထလာပြီး နေ့ခင်းတုန်းကနဲ့ လုံးဝ ကွဲပြားတဲ့လူတစ်ယောက်လို ဖြစ်သွားတတ်တာပါပဲ။ဂီဂူတစ်ယောက် ဆွန်းဂျီရဲ့ မတူညီတဲ့ပုံစံနှစ်မျိုးကြောင့် စိတ်ထွေပြားရင်းကနေလည်း သိချင်စိတ်ကြောင့် ဆွန်းဂျီအနား ရစ်ဝဲနေချိန်မှာပဲ ဆွန်းဂျီရဲ့အဖေက ဆွန်းဂျီရဲ့ နတ်ဆိုးကျိန်စာအကြောင်းကို ဂီဂူ့ထံ အကုန်ပြောပြလာပြီး အရုဏ်တက်ချိန်မှာ ဆွန်းဂျီရဲ့အုပ်ထိန်းသူ လုပ်ပေးရမဲ့ အချိန်ပိုင်းအလုပ်ကို လုပ်ပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့...နတ်ဆိုးမလေး ဆွန်းဂျီနဲ့ အိမ်နီးချင်းကောင်လေး ဂီဂူတို့ကြား အလွဲလေးတွေနဲ့ ဘယ်လိုဆက်ပြီး နှစ်ပါးသွားကြမလဲ....ဆွန်းဂျီကရော နတ်ဆိုးကျိန်စာကနေ လွတ်မြောက်သွားနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။