ဒီကားလေးကတော့ ဂျက်လီရဲ့ကားတွေထဲမှာမှ တမူထူးခြားတဲ့ sci-fi ဆန်ဆန်နဲ့ စကြာဝဠာအထိ ပါဝင်ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာကားလေးပဲဖြစ်ပါတယ်ဗျ။ဇာတ်လမ်းရဲ့အကြောင်းအရာကတော့ MVA လိုခေါ်တဲ့ စကြာဝဠာထိန်းသိမ်းရေးအဖွဲ့အစည်းကြီးမှာ အလုပ်လုပ်နေတဲ့ ဂေဗရီရယ်ယူလောဟာ အဖွဲ့အစည်းကြီးရဲ့စည်းကမ်းကိုချိုးဖောက်ပြီးတခြားပြိုင်ဖက်စကြဝဠာမှာရှိတဲ့ သူ့ရဲ့ကိုယ်တူကိုယ်ပွားတွေကို လိုက်လံရှာဖွေပြီးသတ်ပါတော့တယ်။ ဒီလိုလုပ်ချင်းအားဖြင့် သူ့ပြိုင်ဖက်စကြာဝဠာမှာရှိနေတဲ့သူတွေသေသွားရင်သူတို့ရဲ့စွမ်းအင်တွေက တခြားစကြာဝဠာမှာ ရှင်သန်နေသေးတဲ့သူတွေဆီကို ဖြန့်ခွဲသွားပါတယ်။ဒီလိုနဲ့ပဲ ယူလောဟာ ပြိုင်ဖက်စကြဝဠာမှာရှိတဲ့ သူ့ကိုယ်တူတွေကိုသတ်ရင်း ၁၂၃ ယောက်မြောက်အထိကိုရောက်လာခဲ့တယ်။ပညာရှင်တွေခန့်မှန်းထားတာကဒီလိုသတ်ရင်းနောက်ဆုံးအနေနဲ့ စကြဝဠာတိုင်းမှာ ကိုယ်တူတွေမရှိတော့ဘဲ တစ်ဦးတည်းပဲကျန်ခဲ့မယ်ဆိုရင် စွမ်းအင်တွေအကုန်ရယူပြီး ဘုရားဖြစ်မယ်လို့ခန့်မှန်းထားကြတယ်။ဒီလိုနဲ့ယူလောဟာ နောက်ဆုံးသူသတ်ဖို့ကျန်နေတာက စကြာဝဠာတစ်ခုမှာနေထိုင်နေတဲ့ ဂေ့ပ်ယူလောဆိုတဲ့သူပဲကျန်ပါတော့တယ်။ ဂေ့ပ်ဟာ အမေရိကန်ရဲလုံခြုံရေးမှာအလုပ်လုပ်နေပြီးဘဝကိုသူ့ရဲ့မိန်းမ T.K နဲ့အတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့သ