အခုလက်ရှိပြသနေတဲ့ My Troublesome Starမှ မင်းသမီးကြီး Uhm Jung-Hwaရဲ့ ဇာတ်ကားဟောင်းလေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ မိခင်မေတ္တာကိုဖော်ညွှန်းတဲ့ဒီကားလေးထဲမှာတော့ Jeon Soo-Kyeong နှင့် Kim Hae-Sook စသည့် မင်းသမီးကြီးများ၏ အပြိုင်အဆိုင် သရုပ်ဆောင်မှုများကိုလည်း ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်နော်။ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့မိသားစု သုံးစုမှ အရွယ်သုံးပါး နယ်ပယ်မတူကြတဲ့ ကမ္ဘာအသန်မာဆုံးလူသားများဖြစ်ကြတဲ့ မေမေများရဲ့ သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုခံစားကြရမှာဖြစ်ပြီး သားသမီးနဲ့ အမေများရဲ့ အချင်းချင်းစိတ်ခံစားချက်ထားရှိကြပုံများကို သဘာဝကျကျမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒုံဆူကတော့ တစ်ကိုယ်တော်မေမေဖြစ်ပြီး ဒိန်ချဥ်ရောင်းရင်း အလုပ်တွေလုပ်ရင်းနဲ့ ကြွက်သားအားနည်း နာတာရှည်ရောဂါသည် သားလေးဝန်းဂျယ်ကိုကျွေးမွေးစောင့်ရှောက်နေရသူဖြစ်ပါတယ်။ သားအမိနှစ်ဦး ကမ္ဘာပတ်ကြရန် ရည်ရွယ်ထားပြီး အကောင်းမြင် စိတ်ထားကြတဲ့သူတို့ဆီကင်ဆာရောဂါဆိုတဲ့ကပ်ဆိုးကြီးရောက်ရှိလာပါတော့တယ်။အွန်းဆောင်းကတော့ သမီးလေးယွန်းဒူရဲ့မေမေဖြစ်ပြီး ကိုရီးယားနိုင်ငံကိုယ်စားပြု နာမည်ကျော်ဆိုပရာနိုဂျန်းဟီးဂယောင်းရဲ့ သမီးအဖြစ် တစ်သက်လုံးအမေ့အရိပ်အောက်မှမလွတ်မြောက်နိုင်တာကြောင့် စိ