အင်တာနက်ဆယ်လီဖြစ်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ Jung-mi (Kang Byeol) ဟာ တစ်နေ့မှာ အစ်မ Se-hee (Park Bo-young) ရဲ့ ရည်းစားဖြစ်သူကွန်ပျူတာသိပ္ပံကျောင်းသား Joon-hyuk (Joo Won) ကို “ဗီဒီယိုကို ကြည့်မိသူတိုင်း သေမယ်” ဆိုပြီး YouTube ကနေ တားမြစ်ထားတဲ့ နာမည်ကြီး ဗီဒီယိုတစ်ခုကို ရယူပေးဖို့တောင်းဆိုခဲ့ပါတော့တယ် ဒါပေမယ့် Jung-mi က အဲဒီဗီဒီယိုကို ကြည့်မိချိန်ကစပြီး အလွန်ထိတ်လန့်ဖွယ် အဖြစ်အပျက်တွေ အိပ်မက်ဆန်ဆန်တွေ စိတ်ကယောင်ကခြားတာတွေကို စတင်ခံစားရလာပါတော့တယ် Joon-hyuk တစ်ယောက် ဒီအရာအားလုံးဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ အကြောင်းအရင်းတစ်ခုကြောင့်ဖြစ်ကြောင်း သိသွားပြီး အဲဒီအကြောင်းအရင်းကို ရှာဖွေစဉ်Jung-mi ကို တကယ် ကယ်တင်နိုင်မလားဗီဒီယိုကို ကြည့်မိသူတိုင်း တကယ့်အမှန် သေရမှာလားဘာကြောင့် ဒီလို ဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေကို အဖြေရှာရင်း စိတ်လှုပ်ရှားဖွယ်၊ ခြောက်ခြားဖွယ်ကောင်းတဲ့ဒီဇာတ်လမ်းလေးကို အားပေးကြပါဦးရှင့်