လောကရဲ့အလင်းဆောင်သူဟာ ဝိဉာဉ်ဘုံနဲ့လူ့ဘုံတို့ကြားက ချိန်ခွင်ညှာညီမျှစေဖို့အတွက် ဂျာဂတ်ကျောက်တုံးဆိုတဲ့ အစွမ်းထက်အရာတစ်ခုကိုလက်ဆင့်ကမ်းပေးခဲ့ပါတယ်။ သူ့အစွမ်းဟာကောင်းကင်ကိုခေါက်ချိုးနိုင်ကမ္ဘာမြေကိုဇောက်ထိုးလှန်နိုင်တဲ့အထိ အစွမ်းထက်တယ်လို့ဆိုရိုးရှိကြပြီး အမှောင်အင်အားစုတွေဆီက ဆိုးယုတ်တဲ့စိတ်ဓာတ်တွေကြောင့် ဒီကျောက်တုံးဟာဩဇာအာဏာမက်မောသူတွေအတွက် လောဘတက်စရာ အရာတစ်ခုဖြစ်လာခဲ့ပြီးအမှောင်နဲ့အလင်းနှစ်ခုလုံးဟာ အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါတွေကြောင့်ပဲ အလင်းဆောင်သူဟာ မြင့်မြတ်တဲ့ အဒစ်တယာမျိုးနွယ်ကိုရွေးချယ်ပြီး ဒီကျောက်တုံးကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ အဒစ်တယာမျိုးနွယ်ဟာ ဒီတာဝန်ကိုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းပြီးသယ်ဆောင်လာကြသလိုအမှောင်လောကသားတွေကလည်း ဒီကျောက်တုံးကိုရဖို့နည်းမျိုးစုံသုံးပြီးကြိုးစားနေကြဆဲပါပဲ။ ဇာတ်ကားထဲက အဖြစ်အပျက်တွေကတော့ဆဌမမြောက်အဒစ်တယာနဲ့ သူ့ရဲ့မျိုးဆက်သတ္တမမြောက်ဖြစ်လာမယ့်လူငယ်လေးတို့ကိုအခြေခံထားတာပါ။"Jagat Arwah" ဟာအင်ဒိုနီးရှားနိုင်ငံရဲ့ရိုးရာပုံပြင်တွေကိုခေတ်မီ CGI တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ဇာတ်ကားတစ်ကားပါ။ အထူးပြုလုပ်ချက်တွေကိုပြည်တွင်းစတူဒီယိုတစ်ခုဖြစ်တဲ့ Dreamcat