စပိန်နိုင်ငံမှာ အကြောက်တရားတွေကြီးစိုးနေချိန် ပြည်သူအများအပြားဟာလည်း ညရောက်ပြီဆိုရင် အိမ်ကိုလုံခြုံစွာသော့ပိတ်ကာ နေကြရပါတယ်သို့သော်လည်း ဗိုက်ကြီးနေတဲ့အစ်ဇဘယ်တစ်ယောက် ညကြီးမိုးချုပ်ကျမှ ကလေးမွေးရဖို့အကြောင်းဖန်လာပါတော့တယ် ဒီတော့ အိမ်ပိုင်ရှင်အဘွားကြီးဟာလည်း အစ်ဇဘယ်ကို ကူတွဲအိမ်အပြင်ကိုထွက်လို့ ဆေးရုံသွားဖို့ ကားရှာရပါတော့တယ် ကံကောင်းထောက်မစွာနဲ့ ဘတ်စ်ကားတစ်စင်းကိုတွေ့လိုက်ရလို့ ဘတ်စ်ကားပေါ်ကိုတက်ဆေးရုံကိုသွားတဲ့လမ်းမှာပဲမီးဖွားလိုက်ရပါတော့တယ်မွေးလာတဲ့ကလေးနာမည်ကိုတော့ " ဗစ်တာ " ဆိုပြီးဘတ်စ်ကားပေါ်မှာပဲ တစ်ခါတည်းကင်ပွန်းတပ်လိုက်တော့တာပေါ့ ဗစ်တာတစ်ယောက် မွေးဖွားချိန်မှာတော့ လမ်းပေါ်မှာလူဆိုလို့အရိပ်တောင်မတွေ့ခဲ့ရပါဘူး မွေးကင်းစ ဗစ်တာပေါက်စလေးရယ် အမေဖြစ်သူ အစ်ဇဘယ်ရယ် အိမ်ပိုင်ရှင် အဘွားကြီးရယ် ဘတ်စ်ကားဆရာရယ်ပဲရှိခဲ့တာပေါ့ ဒီလိုနဲ့ ဗစ်တာတစ်ယောက်အရွယ်ရောက် အပြစ်မရှိဘဲနဲ့ထောင်ချခံရ ထောင်ကပြန်လွတ်လာစသဖြင့် ဗစ်တာကို ဗဟိုပြုပြီးဇာတ်အိမ်တည်ထားတဲ့အတွက်ကြောင့် Melodramaကောင်းကောင်းငတ်မွတ်နေသူများအတွက် စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်