The Scar HD

The Scar

Drama Romance HD 2014-08-14 6 130 Min

ဒီဇာတ်ကားလေးက ခွမ် နဲ့ ရီယမ်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖော်ကျူးထားတာပါ။ တစ်ရွာတည်းသားတွေဖြစ်ပေမယ့် နှစ်ဖက်မိသားစုမတည့်ကြတာကြောင့် မပေါင်းဖက်နိုင်ဖြစ်နေရတဲ့ဒီစုံတွဲလေးကို ကံကြမ္မာကပါ ရက်စက်တာကြောင့် ရီယမ်တစ်ယောက် သူ့အဖေအကြွေးချေဖို့ ဘန်ကောက်မှာ ရောင်းစားခံလိုက်ရပါတယ်။ခန္ဓာကိုယ်ချင်းဝေးကွာနေပေမယ့် နှလုံးသားချင်းနီးနေဆဲဖြစ်တဲ့ သူတိုနှစ်ယောက်က တစ်ချိန်ချိန်မှာ ပြန်ဆုံစည်းပြီး ပေါင်းဖက်ကြရမလား။ သူတိုရဲ့အချစ်က အခက်အခဲတွေကိုဖြတ်ကျော်သွားနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရင်း အချစ်အကြောင်း နားလည်သွားစေမယ့်အပြင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း ထိပ်တန်းတွေပဲမို့လို့ကြည့်ရလုံးဝတန်စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။