Milk Teeth HD

Milk Teeth

Drama HD 2024-11-21 6.1 97 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ကထွက်ရှိခဲ့တဲ့ Drama အမျိုးအစား ဂျာမန်ကားလေးဖြစ်ပါတယ်။ စကားဒါဟာ နယ်ခံရွာသား ဖခင်နဲ့ တစ်ရွာသူ မိခင်တို့ကနေမွေးဖွားလာသူတစ်ယောက်ဖြစ်ပါတယ်။ ရွာရဲ့ထုံးစံအရက ရွာကမဟုတ်တဲ့လူကို အပြင်လူအဖြစ်သတ်မှတ်ကြတယ်။ သူမရဲ့မိခင်တောင်မှ ရွာမှာ နေထိုင်ခွင့်ရပေမယ့်လည်း ရွာသားတစ်ယောက်အဖြစ် အရောတဝင်မပြုလုပ်ကြချေ။ ဒါတွေကဘယ်ကနေစလဲဆိုတော့ မိရိုးဖလာပုံပြင်တွေဇာတ်ကြောင်းတွေကနေ စတင်ခဲ့ပါတယ်။ အဲဒီထဲကတစ်ခုဟာဆိုရင် သမန်းဝံပုလွေတွေဟာဆိုရင် လူယောင်ဆောင်ရောက်လာပြီး လူတစ်ဦးချင်းစီကို စားသုံးတယ် (သို့) ရွာကိုခိုက်စေတယ်ဆိုပြီး ရှိပါတယ်။ သို့ပေမယ့်လည်း စကားဒါကိုတော့ ရွာကလူတိုင်းကလည်း ချစ်ကြပြီး ရွာလူကြီးများကပါ မြှောက်စားကြပါတယ်။ ဒါပေမယ့် တစ်ခါမှာတော့ တောထဲက ကလေးမငယ်လေးတစ်ဦးဟာစကားဒါတို့ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ အစကတော့ စကားဒါက နှင်ထုတ်ခဲ့ပေမယ့် နောက်ကြာလာတော့ သံယောဇဉ်ဖြစ်လာခဲ့ပြီး ရွာသားများမသိအောင် အိမ်မှာဖွက်ထားခဲ့ပါတယ်။ ရွာသားတွေသိသွားတဲ့အချိန် အချင်းများစရာတွေဖြစ်ခဲ့ပြီး စကားဒါအနေနဲ့ လူကြီးတွေကို အာမခံပါမည့်အကြောင်းပြောပြီး ဆက်လက်ခေါ်ထားခဲ့ပါတယ်။ ဒီအချိန်မှာ ရွာထဲမှာဆိုရင်လည်းပြဿနာများနဲ့ ကြုံနေရတဲ့အချိန်ဖြစ်ပါတယ်။ ခြံမွ