Special Security HD

Special Security

Action Crime HD 2025-09-06 8.3 0 Min

အထူးလုံခြုံရေးသက်တော်စောင့်တစ်ယောက်အကြောင်းကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။လက်ဝှေ့သမားတစ်ယောက်ဖြစ်တဲ့ရှင်ဖုန်းဟာ ပြိုင်ပွဲတစ်ခုမှာခြေထောက်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက်ပိုင်းမှာ သက်တော်စောင့်အလုပ်ကိုလုပ်ကိုင်နေပါတယ်။ တစ်နေ့မှာတော့ မိတ်ဆွေဟောင်းတစ်ယောက်ကအကူအညီတောင်းလာပါတယ်။ မိတ်ဆွေဟောင်းပေးအပ်လာတဲ့တာဝန်ကတော့ သူရဲ့သူဌေးဟောင်းချန်ကျော်ကိုရှာဖို့ဖြစ်ပါတယ်။ အတွင်းသစ္စာဖောက်တစ်ယောက်၊ ဒဏ်ရာရနေတဲ့သူဌေး၊ ဘယ်အချိန်မဆိုပေါ်လာနိုင်တဲ့ ရာဇဝတ်ဂိုဏ်းနဲ့ စောင့်ကြည့်နေတဲ့ရဲတပ်ဖွဲ့အပါအဝင် အန္တရာယ်မျိုးစုံရှိနေတဲ့ ပင်းဟိုင်မြို့ဟာရှင်ဖုန်းကိုစောင့်ကြိုနေပါတယ်။ အရှေ့မှာဘာတွေပဲရှိနေပါစေ မတွန့်မဆုတ်နဲ့ရှင်ဖုန်းဟာ ဒီသွေးစွန်းမယ့်သတ်ကွင်းထဲကိုတိုးဝင်သွားပါတယ်။