နာကျင်မှုတွေကိုယ်စီနဲ့ ဆုံစည်းခဲ့ကြတဲ့ သူတို့နှစ်ယောက်...။မိခင်ဆုံးသွားပြီးနောက် သူ့ရဲ့အဖေဂုဏ်ယူရဖို့အတွက် ဘာမဆိုကြိုးစားတဲ့ အရာရာမှာထူးချွန်ပြီး လှပတဲ့ နာမည်ကြီး ကျောင်းသူလေး Heart၊ တစ်ဖက်မှာတော့ အိမ်ထောင်ကွဲမိဘကြောင့အမေနဲ့ပဲ အတူနေပြီး လူတွေဝိုင်းနောက်ပြောင်အနိုင်ကျင့်တာခံရတဲ့ ဝတုတ်တုတ်ကောင်လေး Xavier။Xavier က အရာရာပြီးပြည့်စုံနေပုံပေါ်တဲ့ Heart အပေါ် တိတ်တခိုးကြိုက်နေခဲ့ပေမဲ့ မဖွင့်ပြောရဲဘဲ အဝေးကနေသာ ကြည့်နေခဲ့ရတယ်။ဒါပေမဲ့ ကံကြမ္မာက Heart နဲ့ Xavier ကို ခင်မင်တဲ့ သူငယ်ချင်းတွေဖြစ်လာအောင် ဖန်တီးပေးခဲ့ပြီးတော့ သူတို့တွေ သူငယ်ချင်းထက်ပိုတဲ့ ရင်းနှီးမှုတွေ ရှိလာမလား?ကံကြမ္မာကရော အမြဲတမ်းလှပနေပါ့မလား? ဆိုတာကို ဒီဖိလစ်ပိုင် အချစ်ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။