Knockin' on Heaven's Door HD

Knockin' on Heaven's Door

Comedy Crime HD 1997-02-20 7.7 88 Min

ရူဒီနဲ့ မာတင်ဆိုတဲ့ ကင်ဆာနောက်ဆုံးအဆင့် ရောဂါသည်နှစ်ယောက်။ ရူဒီက ဦးနှောက်အကျိတ်ကင်ဆာ၊မာတင်က အရိုးကင်ဆာသမား။ နှစ်ယောက်လုံးက ရက်ပိုင်းလောက်ပဲရှင်သန်ဖို့အချိန်ရှိတော့မှာ။ဆေးရုံခန်းမှာ နှစ်ယောက်အတူဆုံကြတော့ ရူဒီက မာတင်ကို သေပြီးလို့ကောင်းကင်ဘုံရောက်ရင်ပင်လယ်ကမ်းခြေအကြောင်းပဲ ပြောကြတာ၊ မင်းမရောက်ဖူးဘူးဆိုကောင်းကင်ဘုံကျရင်ငေါင်နေရမှာဆိုပြီးစည်းရုံးရေးဆင်းတော့ ပင်လယ်ကမ်းခြေဆီရောက်ဖို့ ရူဒီဦးဆောင်တဲ့နောက်ကနေ မောင်ရိုးသားကြီး မာတင်တစ်ယောက်အကုန်လိုက်လုပ်တော့တာပဲ။ရက်ပိုင်းလောက်ရှင်သန်ရမဲ့လူနှစ်ယောက် သေရမှာမကြောက်ဘဲ ဆေးရုံကနေထွက်ပြေးပြီး ပင်လယ်ကမ်းခြေဆီရောက်ဖို့စိတ်ထင်တိုင်း လျှောက်လုပ်ကြတာကို ခံစားကြည့်ရှုကြရမှာပါ။