Dracula: A Love Tale HD

Dracula: A Love Tale

Fantasy Horror Romance HD 2025-07-30 6.553 129 Min

ဘုရားသခင်ကို အရမ်းယုံကြည်တဲ့ ဝေါ်လာခီယာမင်းသား၊ နယ်စားကြီး ဒရက်ကူလာဟာ ခရူးဆိတ်စစ်ပွဲမှာ ဆင်နွှဲဖို့ ထွက်သွားခဲ့ပါတယ်။ မသွားခင်မှာ ဘုရားဆီကနေ တစ်ခုပဲတောင်းဆိုခဲ့ပါတယ်။ သူ့ချစ်ရတဲ့ ဇနီး အယ်လီစဘတ်တာကို စောင့်ရှောက်ပေးဖို့ပါပဲ။ဒါ သူ့အပြန်လမ်းမှာ အယ်လီစဘတ်တာ သေဆုံးသွားတာကို သိရတဲ့အခါ ဘုရားကို ကျိန်ဆဲပြီး စွန့်ခွာလိုက်ပါတော့တယ်။ အဲဒီအတွက် သူဟာ မသေမျိုးအဖြစ် ကျိန်စာသင့်လာပြီးလူသွေးကိုသောက်သုံးပြီး နေထိုင်ရတဲ့ ဗမ်ပိုင်းယားဖြစ်လာပါတော့တယ်။မသေမျိုးဘဝနဲ့ နှစ်ပေါင်း ၄၀၀ တိုင်တိုင် အယ်လီစဘတ်တာပြန်ဝင်စားမဲ့သူကို ရှာဖွေနေရင်းနဲ့ နောက်ဆုံးမှာ တွေ့သွားတဲ့အခါ သူ့ဇနီးကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။ ဗာတီကန်ကနေလာတဲ့ ဘုန်းတော်ကြီးကလည်း ဒရက်ကူလာကို တားဆီးဖို့ ကြိုးစားရပါတော့တယ်။