ဒီနေ့မှာတော့ အကကို ဘဝလို့သတ်မှတ်ပြီး... ဘဝအတွက် အကကို ဆက်ကချင်နေတဲ့ယွီရှင်းဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်...ဒီကားလေးမှာဆိုရင် မိဘနှစ်ပါးထဲမှာတောင် အမေက အသည်းအသန်ကန့်ကွက်ထားတဲ့အတွက် အဖေနဲ့ပေါင်းကြံပြီး ပေကျင်း တက္ကသိုလ်မှာ အကမေဂျာယူခဲ့ပေမယ့်...အမေစိတ်ပူသလိုမျိုး အလုပ်လက်မဲ့ဘဝမရောက်နိုင်ဘူးဆိုတာကိုသက်သေပြနိုင်တော့မှာကို တွေးတွေးပြီး ပီတိတွေနဲ့ ဇာတိမြေကို ပြန်လာခဲ့တယ်...ဒါပေမယ့် အမေရဲ့ " ဆက်မကရဘူး" ဆိုတဲ့ စကားတစ်ခွန်းကသူ့အိပ်မက်အားလုံးကို သဲထဲရေသွန်ဖြစ်စေခဲ့ချိန်မှာတော့...သူလည်း ဘဝမှာ ပထမဆုံးမိခင်ကိုဆန့်ကျင်ပြီး အိမ်ပေါ်က ဆင်းသွားခဲ့တာပေါ့...ကဲ သူ့အိပ်မက်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်မှာလား...သူ့အမေတားသလိုပဲ တကယ် အကနဲ့ သက်မွေးပြုဖို့ဆိုတာ မဖြစ်သင့်တာလားဆိုတာတော့...ဇာတ်ကားလေးစောင့်ကြည့်လိုက်ကြနော်...