အထက်တန်းကျောင်းစာမေးပွဲပြီးသွားတဲ့ နစ်ခ်တို့ သူငယ်ချင်းတစ်စု ဖူးခက်ကို အပျော်ခရီးထွက်ကြပါတယ်။ ကမ်းခြေအနားမှာ တဲထိုးနေခဲ့ကြပေမဲ့ မုန်တိုင်းတိုက်လာတဲ့အတွက်အနီးအနားက ဟိုတယ်တစ်ခုထဲ ဝင်ခိုလှုံရင်း တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတိုအားလုံးဟာ ဆူနာမီဘေးအန္တရာယ်အကြောင်း ထိတ်လန့်စရာ အိပ်မက်ဆိုးတွေကို မက်ပြီးနိုးလာကြပါတယ်။ နိုးလာချိန်မှာ သူတိုခိုလှုံခဲ့တဲ့ ဟိုတယ်တစ်ခုလုံးက ကြောက်စရာကောင်းတဲ့ အဝတ်နဲ့ပတ်ထားတဲ့ ရုပ်အလောင်းတွေနဲ့အပြည့်ဖြစ်နေပါတယ်။ သွေးပျက်သွားကြတဲ့နစ်ခ်တို့သူငယ်ချင်းတစ်ခု ဟိုတယ်ထဲကနေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားကြရင်း....