Wong Fei-hungလို့ဆိုလိုက်တာနဲ့ မင်းသားကြီး Jet Liရဲ့ နာမည်ကြီးဇာတ်ကား Once upon a time in China(Wong Fei-hung) ကိုပြေးမြင်ကြမယ်ထင်ပါတယ်။ အက်ရှင်ကွန်ဖူးနှစ်သက်သူတွေအတွက် အလွမ်းပြေ ၂၀၂၅ခုနှစ်ထွက်အသစ်စက်စက် Huang Feihong: The Black Yamenကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချင်းခေတ်နှောင်းပိုင်းမှာ တရုတ်ပြည်ကို အနောက်တိုင်းသားတွေကျူးကျော်လာပြီး ကွမ်ကျိုးမှာ ဘိန်းအရောင်းအဝယ်တွေလုပ်ပြီးပြည်သူတွေကိုဖျက်ဆီးရုံမကပဲ မိန်းကလေးတွေကိုပါ ဖမ်းဆီးပြီးရောင်းစားတဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ်။ နယ်ခံအုပ်ရေးရေးမှူးကလဲ လာဘ်စားပြီး အနောက်တိုင်းသားတွေနဲ့ပူးပေါင်းနေတဲ့အတွက် ပြည်သူတွေဟာဒုက္ခတွေကြားမှာ အားကိုးရာမဲ့နေပါတယ်။မတရားမှုတွေကိုလက်ပိုက်ကြည့်မနေနိုင်တဲ့ ကွန်ဖူးဆရာကြီး ဟွမ်ဖေးဟုန်က သူတစ်ကိုယ်ထဲ လူမိုက်ဂိုဏ်းနဲ့အကျင့်ပျက်အရာရှိကို ရင်ဆိုင်ပြီး ပြည်သူတွေကိုယ်စား ချင်းအစိုးရနဲ့ပူးပေါင်းပြီး အနောက်တိုင်းသားတွေကိုမောင်းထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားက မျက်နှာသစ်လူငယ်သရုပ်ဆောင်ဖြစ်ပေမယ့် အက်ရှင်ပိုင်းမှာပိုင်နိုင်တဲ့အတွက် Jet Li ကိုမီမမီကတော့ ပရိသတ်ပြီးပဲ ဆုံးဖြတ်ကြည့်လိုက်ပါဦး။