Fast Racing Jazz HD

Fast Racing Jazz

Comedy HD 2025-05-01 1 115 Min

မိသားစုနဲ့ခွဲပြီး သာသာနာ့ဘောင်မှာ ရဟန်းဝတ်နဲ့ မွေ့လျော်နေတဲ့ ဦးပဥ္စင်းဂျက်ဟာ သူသီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းကဘုရားဆင်းတုတွေ အခိုးခံရတဲ့ခါ မနေသာဘဲ သူခိုးကို ဖမ်းပြီး ဘုရားဆင်းတုတော်တွေ ပြန်ယူဖို့ ကြိုးစားခဲ့ပါတယ်။ သူခိုးကိုအမီလိုက်ဖို့ ဆိုင်ကယ်ကို အစွမ်းပြစီးမိရာက ဆိုရှယ်မီဒီယာတွေမှာ သင်္ကန်းနဲ့ ဆိုင်ကယ်စီးတဲ့ဗီဒီယိုပြန့်သွားလို့ လူဝတ်လဲခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းကို စွန့်ခွာပြီး သူသိကျွမ်းတဲ့ တစ်ခုတည်းသော နေရာဖြစ်တဲ့ ဘန်ကောက်ကို ထွက်လာခဲ့ပါတယ်။ ရိုးသားတဲ့ ဘုန်းကြီးလူထွက်ဂျက်တစ်ယောက်လူ့လောကအလယ်မှာ ဘယ်လိုအခက်အခဲတွေ ကောက်ကျစ်စဉ်းလဲမှုတွေ လှည့်စားမှုတွေ ကြုံရမှာလဲ။ ဘယ်သူတွေကရော ဂျက်ကို ကူညီစောင့်ရှောက်ကြမှာလဲ။ ဂျက်တစ်ယောက်သူတွယ်တာရာ ရဟန်းဘဝကို ပြန်ရောက်ပါဦးမလားဆိုတာ ဟာသတွေ တစ်သီကြီးနဲ့ ရှုစားလိုက်ကြရအောင်ပါ။