Jo Il-hyun ဆိုသူသည် သာမန်ဘဝလေးကို ခက်ခဲစွာရုန်းကန်ပြီးဖြတ်သန်းနေရသူလေးဖြစ်ပြီး တစ်ရက်မှာတော့ ငွေကြေး၊ အကျိုးအမြတ်ကိုသာ ကြည့်ကြတဲ့ စီးပွားရေးတစ်ခုထဲကိုရောက်ရှိသွားခဲ့သည်။ အဲဒီအလုပ်ထဲမှာ ငွေကြေးအတွက် တစ်ဦးကိုတစ်ဦး အသုံးချ၊ ချောက်ချ ဆွဲချရင်း ကိုယ်ပိုင်အကျိုးအမြတ်အတွက် အကျိုးဆက်မစဉ်းစားဘဲ လုပ်ကြသည့်အမှောင်ဘက်ခြမ်းက မျက်နှာတွေကို တွေ့မြင်ရသည့်အခါ Jo Il-hyunသည် ငွေကြေးနဲ့အတူ သတိပညာတစ်ခုကိုလည်း သိမြင်လာရသည်။လိုချင်တဲ့အရာရဖို့ ငွေကိုအသုံးချသော်လည်း၊ ငွေကလူဘဝကို ဘယ်လောက်ထိ ထိန်းချုပ်ပြီး ဖျက်ဆီးနိုင်လဲဆိုတာကို ပြသထားသည့် ဒရမ်မာဇာတ်ကားဖြစ်သည်။