ဒီကားလေးမှာဆိုရင်တော့ ရေဘက်ကာနဲ့ သမီးဖြစ်သူ လော်ရီဝက်စ်ကို ဦးတည်ထားပါတယ်။ တစ်ချိန်က မိဘဖြစ်သူတွေရဲ့ အပြစ်ပေးခံ သားကောင်ဖြစ်ခဲ့ဖူးတဲ့ ရေဘက်ကာကသူမ သမီးဖြစ်သူကို သူမငယ်ငယ်တုန်းကမရခဲ့တဲ့အရာတွေ ရစေချင်ပါတယ်။လော်ရီကို ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်စေချင်တဲ့သူမက လော်ရီရည်းစားထားတာကို တစ်နေ့မှာ မိသွားခဲ့ပါတယ်။ မိဘတွေဆီကနေ သားကောင်ဖြစ်ခဲ့ဖူးတဲ့သူမက လော်ရီကို သူမဖြစ်စေချင်သလို ပုံသွင်းဖို့ကြိုးစားလာတဲ့အခါ သူမနဲ့လော်ရီကြားမှာ ဘာတွေဖြစ်လာမလည်းဆိုတာကို လှည့်ကွက်တွေကြားကနေ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။