အသစ်ထွက် အိန္ဒိယဟာသဇာတ်မြူးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ကပ်စေးနှဲတာကို ကမ္ဘာကြီးပူနွေးလာမှုအကြောင်းပြပြီး စကူတာအစုတ်လေးပေကပ်စီးနေတဲ့သမိုင်းဆရာပရော်ဖက်ဆာဂျူမူတီယာ။ဂျူမူတီယာရဲ့ယောက်ဖက မုန့်ဆိုင်ဆယ်ဆိုင်ဖွင့်ထားတဲ့ရာ့ဂျ်၊ သူလည်း ကပ်စေးနှဲကော်တရာပဲ။ ရာ့ဂျ်ရဲ့ယောက်ဖက စတော့ခ်ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ ဘန်နီ။ဂျူမူတီယာနဲ့ ရာ့ဂျ်က ဘန်နီ့ကိုယုံစားပြီး ရှယ်ယာတွေမရောင်းဘဲ အချိန်တစ်ခုစောင့်နေတုန်းမှာကုမ္ပဏီက ဒေဝါလီခံသွားပါရောလား။ ဆုံးရှုံးသွားတဲ့ငွေတွေကို အဖတ်ဆယ်ဖို့ အဝေးပြေးလမ်းမကြီးနားက သူတို့ပိုင်တဲ့မြေတွေရောင်းလိုက်တဲ့အချိန် ဝယ်သူက သန်းငါးဆယ်ကိုစရံအနေနဲ့ ငွေသားချည်းချေပေးလိုက်ပါရော။ပတ်လည်ရိုက်နေတဲ့ယောက်ဖသုံးယောက် ငွေသားသန်းငါးဆယ်နဲ့အတူ အပြန်လမ်းမှာ ဓားပြတိုက်ခံရတဲ့အခါမှာတော့...။