The Blackwell Ghost 8 HD

The Blackwell Ghost 8

Horror HD 2024-01-12 6.583 69 Min

The Blackwell Ghost 8 ဟာဆိုရင် Turner Clay ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတစ်ဦးက နှစ်ပေါင်းများစွာကတည်းက မဖြေရှင်းနိုင်သေးတဲ့ လူသတ်မှုတွေရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ အရင်အပိုင်းတွေမှာ သရဲခြောက်တဲ့အိမ်တွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အဓိကထားရိုက်ကူးခဲ့ပေမဲ့ အပိုင်း ၈ မှာတော့ ဇာတ်လမ်းပုံစံက အနည်းငယ်ပြောင်းသွားပါတာကိုတွေ့ရမှာပါ။ ဒီအပိုင်းမှာတော့ Turner Clay က လူသတ်သမားရဲ့ လှည့်စားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေကို ရင်ဆိုင်ရင်းနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သဲလွန်စတွေကို ဖော်ထုတ်ရတဲ့ကွင်းဆက်လူသတ်မှုဇာတ်လမ်းအသွင်ကို ပိုဆောင်လာတာပဲဖြစ်ပါတယ်။Turner Clay ဟာ သူရှာဖွေခဲ့တဲ့ အဖြေတွေဆီကို ပိုမိုနီးစပ်လာလေလေ အန္တရာယ်ကလည်း ပိုပြီးကြီးမားလာလေလေဆိုတဲ့ အခြေအနေထဲကိုရောက်ရင်းမှ ပဟေဠိတွေ၊သဲလွန်စတွေကနေတစ်ဆင့် အသတ်ခံရသူတွေမြှုပ်နှံခံထားရာနေရာကို ရှာဖွေရင်း လူသတ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့အပိုင်းပဲဖြစ်ပါတယ်။