Hateship Loveship HD

Hateship Loveship

Drama HD 2014-04-11 5.82 103 Min

ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ Hateship Loveship လို့ အမည်ရပြီး နိုဗယ်ဆုရ စာရေးဆရာမ Alice Munro ရဲ့ “ Hateship friendship courtship loveship marriage“ လို့ အမည်ရတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Caregiver တစ်ယောက်ဖြစ်တဲ့ Johanna Perry ဟာ လက်ရှိ သူပြုစုနေတဲ့အဘွား ဆုံးပါးသွားတဲ့အခါ အဘွားရဲ့ အဆက်အသွယ်နဲ့ပဲ နောက်တစ်အိမ်ကို ရောက်ခဲ့ရပါတယ်။ အဲဒီအိမ်ကတော့ အဘိုးဖြစ်သူ McCauley နဲ့ မြေးမလေး Sabitha တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။Sabitha ရဲ့ အဖေ Ken ဟာ ထောင်ထွက်ဆေးသမားတစ်ယောက်ဖြစ်တဲ့အပြင် ယောက္ခမဖြစ်တဲ့ McCauley နဲ့လည်း တကျက်ကျက်ပါပဲ ။ အဲဒီကြားထဲမှာမှ ခပ်ဆိုးဆိုးဆယ်ကျော်သက်ကလေးမလေး နှစ်ယောက်ဖြစ်တဲ့ Sabitha နဲ့ သူ့သူငယ်ချင်း Edith တို့က Ken နဲ့ Johanna ကို နောက်ပြောင်တဲ့သဘောနဲ့ အောင်သွယ်ဖို့ ကြိုးစားကြတဲ့အခါ…တကယ်ပဲKen နဲ့ Johanna တို့ နီးစပ်သွားမှာလား ။ဆေးသမား Ken ကရော လူလူသူသူဖြစ်အောင် ပြန်လည်ထူထောင်နိုင်သွားမှာလားဆိုတာကတော့ Hateship Loveship ဆိုတဲ့ ရုပ်ရှင်လေးမှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော် ။