Gore ရိုက်ကူးချက်တွေကို သဘောကျတတ်တဲ့ Horror ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာဟာ နာမည်ကျော်"The Purge" ဇာတ်ကားကို ပုံဖော် အသက်သွင်းခဲ့သူ ဖြစ်တာမို့ ဒီကားမှာလည်း ဘယ်လို ရင်တမမကြည့်ရမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားမှာ မက်စ်အဖြစ် သရုပ်ဆောင်ထားတဲ့ Pete Davidson က SBC ရဲ့ SNL အစီအစဉ်မှာ ဟာသဖျော်ဖြေရေးအလုပ်နဲ့ နာမည်ရလာခဲ့သူဖြစ်ပြီး ရုပ်မချောပေမယ့် Kim Kardashian၊ Ariana Grande လို နာမည်ကြီး အဆိုတော် သရုပ်ဆောင် မင်းသမီးတွေနဲ့ တွဲခုတ်ဖူးသူ မို့ လူအများစုက သူ့ကို သတိထား လာခဲ့မိကြတာပါ။ ဒီဇာတ်ကားမှာ သူ့ရဲ့ မှုံတေတေ သရုပ်ဆောင်ချက်တွေနဲ့ သည်းထိတ်ရင်ဖို ရိုက်ကွက်တွေကို ကြည့်ရှု ခံစားရမှာပါ။ ဇာတ်ကားအစပိုင်းက အေးသလို ရှိပေမယ့် နောက်ဆုံး ဇာတ်ဝင်ခန်းကြည့်ရတာနဲ့တင် တန်တယ်လို့ ခံစားရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မက်စ်ဟာ ပေပေတေတေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့် ထောင်ကျရမယ့် အစား ဘိုးဘွားပြုစုစောင့်ရှောက်ရေး အိမ်ယာတစ်ခုမှာ လူမှုအကျိုးပြု အလုပ်တွေ လေးလကြာ လုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ အဲဒီမှာ တာဝန်ခံ ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ဝင်ရတဲ့အခါ လေးလွှာမှာရှိတဲ့ အခန်းတွေကို မသွာ