မစ်ဂဲဟာ အထူးတပ်ဖွဲ့ဝင်စစ်သားဟောင်းတစ်ဦးဖြစ်ပါတယ် တိုက်ပွဲတစ်ခုအတွင်းမှာ ညီအစ်ကိုလိုချစ်ခင်ရတဲ့ရဲဘော်တွေအားလုံး သူ့မျက်စိရှေ့တင်အသတ်ခံခဲ့ရပြီးသူတစ်ယောက်တည်းလွတ်မြောက်ခဲ့တာပါ အဲ့ဒါကြောင့်ပဲ နေ့တိုင်းညတိုင်း အဲ့ဒီတိုက်ပွဲကမှတ်ဥာဏ်တွေက တကောက်ကောက်လိုက်ပြီးခြောက်လှန့်တာခံနေရကာစိတ်ဒဏ်ရာရဲ့နောက်ဆက်တွဲကစဥ့်ကလျားဖြစ်မှုကိုပါခံစားနေရပါတယ်ဒီလိုနဲ့တစ်နေ့မှာ သူညစောင့်လုပ်နေတဲ့ဂိုထောင်ထဲကို ဒဏ်ရာရနေတဲ့မောင်နှမနှစ်ယောက်ဝင်လာပြီး သူတို့ကိုကယ်တင်ဖို့အကူအညီတောင်းခံပါတယ်သူတို့နောက်ကိုလိုက်နေတာက မူးယစ်ဆေးကုန်သည်တွေနဲ့ အကျင့်ပျက်ရဲတွေဖြစ်နေတာကြောင့် မစ်ဂဲလည်း အဲ့ဒီမောင်နှမနှစ်ယောက်ကိုကူညီရင်း ပြဿနာထဲကိုဝင်ပါရပါတော့တယ်