Nightmare HD

Nightmare

Horror Thriller HD 2000-07-29 4.6 97 Min

စိတ်ပညာမေဂျာယူထားတဲ့ ဟယ်ဂျင်းက တက္ကသိုလ်စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲတစ်နေ့မှာတော့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းအယ် ပြန်ရောက်လာတာကြောင့် ဝမ်းသာနေခဲ့ပြီးဆွန်းအယ်ရဲ့ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး ပြောင်းလဲသွားတဲ့ပုံစံကိုလည်းအတော့်ကို အံ့အားသင့်မိနေပါတော့တယ်။ဒါ့အပြင် ဆွန်းအယ်ဆီက ကြားလိုက်ရတဲ့ သေသွားပြီဖြစ်တဲ့ "ဂယောင်းအာက ငါ့နောက်လိုက်နေတယ်" ဆိုတဲ့စကားကြောင့်ပဲ တက္ကသိုလ် ကလပ်ဖွဲ့တုန်းက အဖွဲ့ဝင်သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ မီယောင်း , ဂျောင်အု, ဆယ်ဟွန်း,ဟျွန်းဂျွန်း တို့နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီးနောက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလာတဲ့ အခါမှာတော့....သတ်သေသွားတဲ့ ဂယောင်းအာက တကယ်ပဲ လိုက်သတ်နေတာဖြစ်မလား....ဂယောင်းအာကရော ဘာကြောင့် သတ်သေသွားတာဖြစ်မလဲ....သူတို့တစ်ယောက်ချင်းစီမှာရော မသိနိုင်တဲ့ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ ....နောက်ဆုံးမှာ အသက်ရှင်ကျန်ရစ်နိုင်တဲ့လူရော ရှိပါ့မလား...ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ကွာလတီအမိုက်စားနဲ့တင်ဆက်ပေးလိုက်ရပါတယ်