Old Miss Diary HD

Old Miss Diary

Comedy Romance HD 2006-12-20 6 108 Min

ချွဲမီဂျာ (Ye Ji Won) ဟာ အဘွား၃ယောက်ရယ် မုဆိုးဖိုအဖေရယ် လူပျိုကြီးဦးလေးရယ်နဲ့အတူနေထိုင်နေတဲ့ အသက်၃၂နှစ်အရွယ် အပျိုကြီးမမပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ချွဲမီဂျာဟာ ကိုရီးယားမှာ ပြန်လည်ထုတ်ဝေမယ့် ဂျပန်သရဲကားမှာ နောက်ခံစကားပြောသူအဖြစ်အလုပ်ကမ်းလှမ်းခံရပြီး အတူအလုပ်လုပ်ရမယ့် ပီဒီကတော့ ရုပ်သံလွှင့်ဌာနမှာ လူ့ဂွစာအဖြစ်နာမည်ကြီးတဲ့ ပီဒီ ဂျီဟျွန်းအူ (Ji Hyun Woo) ပါ။အမြဲတမ်း အလွဲတွေ လုပ်နေတတ်တဲ့ မီဂျာတစ်ယောက် ရုပ်ချောပြီး လူ့ဂွစာပီဒီကို စိတ်ဝင်စားမိသွားတဲ့အခါမှာတော့....အဘွား၃ယောက်ရဲ့တွဲဖက်ညီမှုနဲ့ ဟာသအလွဲလေးတွေရယ်၊ မနမ်းရ‌တာ နှစ်အတော်ကြာနေပြီဖြစ်တဲ့အပျိုကြီးမမ ချွဲမီဂျာရဲ့ အချစ်ဇာတ်လမ်းက‌ရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။