Glenn Fredly: The Movie HD

Glenn Fredly: The Movie

Drama Music HD 2024-04-25 6.8 121 Min

ဒီဇာတ်လမ်းကို Glenn Fredly ရဲ့ ငယ်စဉ်ဘဝကနေ စတင်ပြီး သူရဲ့ ဂီတခရီးလမ်း၊ အချစ်ရေးခရီးလမ်းနဲ့ မိသားစုဘဝတွေကို ဖော်ပြထားပါတယ်။ သူက စိတ်ကူးယဉ်ဆန်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဂီတကို လူငယ်တွေအပါအဝင် အင်ဒိုနီးရှားနိုင်ငံသားတွေ ကြားထဲမှာ အရမ်းနာမည်ကြီးခဲ့သူပါ။ Glenn က သူ့ရဲ့ဂီတကို အသုံးချပြီး နိုင်ငံအတွင်းပဋိပက္ခဖြစ်ပွားမှုတွေ၊ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းပြီး ပြည်သူတွေကိုကူညီဖို စိတ်အားထက်သန်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ဘဝမှာ စိတ်ဒဏ်ရာတွေ၊ ကျန်းမာရေးပြဿနာတွေနဲ့ မိသားစုဆက်ဆံရေး အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဇာတ်ကားက သူ့ရဲ့ဘဝကို ဘယ်လိုရုန်းကန်ခဲ့လဲ၊ဂီတအနုပညာကို ဘယ်လောက်တောင် ချစ်မြတ်နိုးခဲ့လဲဆိုတာကို ပြသထားပါတယ်။