Ebony & Ivory HD

Ebony & Ivory

Comedy Drama HD 2025-08-01 3.5 87 Min

ဒီရုပ်ရှင်က စားတော့စားတယ်။ သူ့နာမည်က Paul McCartney နဲ့ Stevie Wonderရဲ့ သီချင်းနာမည် Ebony and Ivory။ အဲဒီသီချင်းကို ပေါလ်ရဲ့ စကော့တလန်က အိမ်ကလေးမှာ ပေါလ်ကရေးခဲ့တယ်။ လူဖြူအဆိုတော်နဲ့ လူမဲအဆိုတော်ပေါင်းပြီး လူမျိုးရေးခွဲခြားတာတွေကို ဆန့်ကျင်ဖို့ ရေးခဲ့ကြတဲ့သီချင်းပေါ့။ သီချင်းစာသားကိုရော သီချင်းနာမည်ကိုရော ပီယာနိုရဲ့အဖြူကီးနဲ့အမဲကီးကနေ inspireယူထားတယ်လို့ ပြောတယ်။ ပီယာနိုက Ebony ကီးနဲ့ Ivoryကီးကို metaphorလုပ်ထားတယ်ပေါ့။ရုပ်ရှင်ထဲမှာတော့ ပေါလ်နဲ့ စတီဗီ နှစ်ယောက်သား ပေါလ်ရဲ့ အိမ်ကလေးမှာ တွေ့ကြတာကို အတူခဏနေခဲ့ကြတာကို ဟာသအနေနဲ့ ရိုက်ထားတယ်။ ဂီတဂန္တဝင်ကြီး၂ပါး တစ်ပါးကိုတစ်ပါးကူညီပြီး နာမည်ကျော်သီချင်းရေးကြမယ်ဆိုပြီး တွေ့ကြတာပေါ့။ ဒါရိုက်တာက အဲဒီသီချင်းကို အဲဒီလိုမြင်ခဲ့ပုံရတယ်။ ခပ်တုံးတုံးသီချင်းလို့ရောပေါ့။ အားရပါးရကို သရော်ပြီး ပေါလ်ကိုရောစတီဗီကိုရော စုတ်ပြတ်သတ်နေအောင် ရိုက်ပြထားပေမဲ့ ရုပ်ရှင်ကတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ဖြစ်သွားတယ်။အတည်ကြီးရိုက်ရင်တောင် ကျွန်တော်တို့ ငြီးငွေ့နေလောက်ပြီ။ ကျွန်တော့်အနေနဲ့တော့ ဒီလို ရိုက်ပြတာကို ပိုသဘောကျတယ်။ အသစ်အဆန်းလည်း ဖြစ်သကိုး။ Artistတွေဆိုတာလည်းArtistမဟုတ်တဲ့လူတွေထက်တော