ပြိုင်ကားချစ်သူတို့အကြိုက်တွေ့စေမဲ့ Need for Speed (2014) ဟာ အမေရိကန် လူငယ်အက်ရှင်-ဒရာမာ ဇာတ်ကားဖြစ်ပြီး Need for speed ဗီဒီယိုဂိမ်းတွေကိုအခြေခံရိုက်ကူးထားပါတယ်။အမေရိကန်ရဲ့ နာမည်ကြီးပေ့ဆိုတဲ့ ကားအကောင်းစားတွေကိုမှ CGI နည်းနည်းပဲသုံးထားပြီး တကယ့်ကားစတန့်ပြကွက်တွေ ထည့်သွင်းရိုက်ကူးထားတာကြောင့် Golden Trailer Awards(2014), World Stunt Awards (2015), Teen Choice Awards (2014), BMI Film & TV Awards စတဲ့ဆုတံဆိပ်ပေါင်းများစွာ သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ နာမည်ကျော် Breaking Bad ထဲမှမင်းသား Aaron Paul က Tobey Marshall အဖြစ်လည်းကောင်း၊ Captain America ထဲကမင်းသား Dominic Cooper က DinoBrewster အဖြစ်လည်းကောင်း၊ နာမည်ကျော် မင်းသမီး Imogen Poots က Julia Maddon အဖြစ်လည်းကောင်း ပါဝင်သရုပ်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တိုဘီမာရှယ်ဟာ မြို့ငယ်လေးက ကျွမ်းကျင်တဲ့ ပြိုင်ကားဆင်သူတစ်ဦးဖြစ်ပြီး တရားမဝင် street race တွေမှာ ဝင်ပြိုင်လေ့ရှိပါတယ်။ ဂျူလီယာကတော့ကားပွဲစားတစ်ဦးဖြစ်ပြီး မြန်ပေ့ဆိုတဲ့ကားတွေကိုမှ အရောင်းဝယ်လုပ်သူပါ။ ဒီနိုကတော့ ကားပြိုင်ပွဲ အကြီးစားတွေထိဝင်ပြိုင်ပြီး နိုင်ပွဲတွေလည်းရခဲ့