How to Keep My Love HD

How to Keep My Love

Comedy HD 2004-07-16 5.4 112 Min

အသက်၂၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂင်ဟျွန်းဂျူ(Kim Jung Eun)ဟာ ဖခင် ကွယ်လွန်သွားကတည်းက တက္ကသိုလ်ပြီးအောင်မတက်ဘဲ‌ကျောင်းနားခဲ့ပါတယ်၊ ဟျွန်းဂျူဟာ သူမရဲ့ငယ်သူငယ်ချင်းတွေနဲ့အတူ ဘဝကိုပေါ့ပျက်ပျက်အချိန်ကုန်ဆုံးရင်းနဲ့ ရည်မှန်းချက်ကြီးကြီးမားမားလည်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူမ အောင်မြင်‌မှုရရှိတာကတော့ အချစ်ရေးကိစ္စပဲဖြစ်ပါတယ်။ဟျွန်းဂျူတက္ကသိုလ်တတိယနှစ်မှာတွေ့ဆုံခဲ့တဲ့ သူမရဲ့ချစ်သူဂင်ဆိုဟွန်း(Kim Sang Kyung)ဟာ သူ့ရဲ့မေဂျာဇီဝဗေဒဘာသာရပ်မှာထူးချွန်‌စွာအောင်မြင်ပြီး အလုပ်ကောင်းကောင်းလည်း ရရှိထားတဲ့သူဖြစ်ပါတယ်။ဆိုဟွန်းဟာ ရုပ်ရည်တည်ကြည်ခန့်ညားတဲ့အပြင် သဘောလည်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ ဆိုဟွန်းဟာ ဟျွန်းဂျူအတွက် အင်္ကျီဝယ်ဖို့ကုန်တိုက်ကိုသွားရင်း ပျက်သွားတဲ့ဓာတ်လှေကားထဲမှာ ချောမောလှပတဲ့နာမည်ကြီးမင်းသမီး အွန်ဒါယောင်း(Oh Seung Hyun)နဲ့ အမှတ်မထင် ဆုံမိကြပါတယ်။အွန်ဒါယောင်းဟာ သဘောကောင်းပြီးကူညီတတ်တဲ့ ဆိုဟွန်းကိုသဘောကျသွားပြီး ဆိုဟွန်းနဲ့နီးစပ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ဆိုဟွန်းတစ်ယောက်မင်းသမီးအွန်ဒါယောင်းဆွဲဆောင်ရာကိုပါသွားမလား ....ဟျွန်းဂျူက‌ရော သူ့ချစ်သူကို လက်မလွှတ်ရအောင်ကြိုးစားနိုင်မလား .... ဆိုတာကို ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ပါတယ်