တိုက်ကွမ်ဒို အားကစားသမားဟောင်းဖြစ်တဲ့ ဂန်ဆွန်းအူ (Kang Ji-young) ဟာ အမေဖြစ်သူရဲ့ ဆေးရုံစရိတ်တွေ ခွဲစိတ်ခတွေကြောင့် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရနေဆဲမှာပဲ လုပ်ငန်းရှင် တစ်ယောက်ဟာ သူ့ရဲ့ မြေးဖြစ်သူ ဟန်ဂျီယွန်းနဲ့ ချွတ်စွတ်တူနေတဲ့ ဆွန်းအူကို ဂျီယွန်းနေရာမှာ လူစားထိုးနေပေးရင် အချီကြီးပေးမယ်ဆိုပြီး ကမ်းလှမ်းလာပါတော့တယ်။ ငွေမျက်နှာကြောင့် ဆွန်းဝူတစ်ယောက် မူးယစ်ဆေးသုံးပြီး ကားတိုက်ပြေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဟန်ဂျီယွန်းရဲ့ နေရာမှာ အစားထိုးဝင်နေပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့...ဟန်ဂျီယွန်းအစား စစ်ဆေးမှုခံယူရင်း ဂန်ဆွန်းအူရဲ့ဘဝ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။