ဒီဇာတ်ကားက ဒါရိုက်တာDaniel Kayရဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Floridaရဲ့ဆိတ်ငြိမ်တဲ့ ကျေးလက်မြိုငယ်လေးတစ်ခုမှာရိုက်ကူးထားပြီးဇာတ်ကားဟာ မိသားစုဆက်ဆံရေး၊ ဆုံးရှုးမှုနဲ့ရှင်သန်ရေးတိုရဲ့ နက်ရှိင်းတဲ့စိတ်ခံစားမှုကို ဖော်ပြထားဝာာပဲဖြစ်ပါတယ်…မိခင်ဖြစ်သူရဲ့မူးယစ်ဆေးဝါးသုံးပြီး သေဆုံးသွားမှုကိုရင်ဆိုင်ရတဲ့ ညီအစ်မနှစ်ဦး Spiderနဲ့ Jessieတိုဟာ မိသားစုပြိုကွဲမှာကိုကြောက်ရွံပြီး မိခင်ရဲ့ ရုပ်အလောင်းကိုဖုံးကွယ်ဖိုဆုံးဖြတ်ခဲ့ကြပါတယ်။ Spiderဟာ အသက်၁၅နှစ်အရွယ်မှာ အိမ်ထောင်စုကို ဦးဆောင်ရသူအဖြစ်တာဝန်ယူရင်း Jessie ကို ကာကွယ်ဖို ကြိုးစားပါတယ်။ ဒါပေမယ့် သူတိုအမေရဲ့မူးယစ်ဆေးရောင်းသူ Reeceနဲ့ ဒေသခံရဲအရာရှိ Sheriff Johnတိုရဲ့သံသယတွေက သူတိုရဲ့ လျှိဝှက်ချက်ကိုခြိမ်းခြောက်လာပါတော့တယ်။ Spiderရဲ့ဘဝထဲမှာ Codဆိုတဲ့သူငယ်ချင်းသစ်တစ်ဦးဝင်ရောက်လာပေမဲ့ အန္တရာယ်တွေကပိုမိုနီးကပ်လာပါတယ်ဒေါသရင့်နှလုံးသားနဲ့ ချစ်ရတဲ့ညီမလေးကိုကာကွယ်ဖို စိတ်ပိုင်းဖြတ်ထားတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ရှုပ်ထွေးတဲ့ စိတ်ခံစားမှုကို ပြတ်သားစွာဖော်ပြထားတဲ့အပြင် အဆုံးသတ်မှာSpiderနဲ့Jessieဟာ သူတိုရဲ့လျှိဝှက်ချက်ကို ဖုံးကွယ်ဖို ကြိုးစားရင်း ညီအစ်မနှစ်ယောက် အတူတူရှိဆက်နေနိုင်မလား ဒါမှမဟုတ် ခွဲခွာသွားစေမလားဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရင်းအဖြေထုတ်ကြည့်လိုက်ကြပါဦးနော်…