The 4 Rascals HD

The 4 Rascals

Comedy Romance HD 2025-01-29 4.3 133 Min

မိသားစုနဲ့အတူကြည့်တာပဲဖြစ်ဖြစ်ရည်းစားလေးနဲ့အတူ ကြည့်တာပဲဖြစ်ဖြစ်ပျင်းလိုတစ်ယောက်တည်းကြည့်တာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ဗီယက်နမ် rom-com ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကွမ်အန်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရုပ်လေးလည်းချော သူ့ရဲ့ဇာတိမြိုမှာလည်း အစစအရာရာအဆင်ပြေရုပ်ချောချောကောင်လေးနဲ့ရည်စားဖြစ်၊ ကောင်လေးက အရည်အချင်းရှိတော့ ဘဏ်ရုံးခွဲမန်နေဂျာအထိရာထူးတက် စီးပွားဖြစ် ချမ်းသာလာတော့ အစစအရာရာအဆင်ပြေနေပါတော့တယ်။ဒါပေမဲ့လည်း မင်းသားဖြစ်တဲ့ ကွစ်အန်က အလုပ်တွေများလာပြီး အရင်လိုအချိန်မပေးနိုင်တော့တာကြောင့်သူတိုရဲ့အချစ်ရေးလေးဟာ မှေးမှိန်လာခဲ့ပါတော့တယ်။အဲဒီတော့ ကွမ်အန်လည်း သူ့ရဲ့သူငယ်ချင်း ကဲအူနဲ့အတူ တားရော့မေးတော့ ခရီးထွက်ဖိုပြောတာနဲ့ သူ့ရဲ့ဇာတိမြိုကိုသွားပါတော့တယ်။ကွမ်အန်ရဲ့ဇာတိမြိုက တောနယ်ဘက်ဆိုတော့ ရိုးသားပွင့်လင်းကြပြီး ဆွေလိုက်မျိုးလိုက်နေတာဆိုတော့ ကွမ်အန်တိုလာတာနဲ့ ပါတီကြီးပေးပါတော့တယ်။ဒါပေမဲ့လည်း လူကြီးတွေဆိုတော့ တစ်ရောက်တစ်ပေါက်နဲ့ ကွမ်အန်ရဲ့ကောင်လေး ကွစ်အန်နဲ့ ရန်တွေဖြစ်ပြီး ပြန်လာရပါတယ်။နောက်ရက်မှာပဲ ကွစ်အန်တိုဆီကို ဇာတိကအမျိုးတွေလိုက်လာပြီးတဲ့နောက်မှာမှ အကုန်တလွဲတွေဖြစ်၊တလွဲတွေဖြစ်လိုဖြေရှင်းရင် ထပ်ပြီးပြဿနာတွေဖြစ်နေရင်းနဲ့မှကွမ်အန်အပေါ် ကွစ်အန်အေးစက်လာမှုကို ဖော်ထုတ်ဖိုကြိုးစားကြရင်းနဲ့ ဘယ်လိုအလွဲတွေလုပ်မိလဲ ဘယ်လိုအလှည့်အပြောင်းတွေရှိသွားမလဲဆိုတာရယ်ရယ်မောမောနဲ့ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ…..