ဒီဇာတ်လမ်းလေးကတော့ ဒီနေ့ခေတ်ရဲ့ အခြေအနေကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်..ရွာတစ်ရွာမှာ အဘိုးကြီးနဲ့ အဘွားကြီးလင်မယားစုံတွဲ တစ်တွဲရှိပါတယ်..သူတို့မှာ သားနှစ်ယောက်ရှိပေမဲ့ သားအကြီးက အိမ်ထောင်ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲနေသူဖြစ်သလို သားအငယ်ကလည်းအဝေးတစ်နေရာမှာ အလုပ်သွားလုပ်ရင်း ပိုက်ဆံရှာနေသူပဲဖြစ်ပါတယ်..သားအကြီးဖြစ်သူက ဝေးဝေးတစ်ခါ သူတို့ဆီကိုလာလည်တတ်ပေမဲ့ သားအငယ်ကတော့ အိမ်ကိုတော်ရုံမပြန်ပါဘူးဒါကြောင့် အဘိုးကြီးနဲ့အဘွားကြီးလင်မယားတို့ဟာ သားအငယ်ကိုမျှော်ရင်းနဲ့ နေ့စဉ်ဘဝကို နှစ်ယောက်တည်း ဖြတ်သန်းနေကြရပါတယ်..အသက်ကြီးပိုင်းတွေဖြစ်ကြတာကြောင့် ခေတ်ပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်မရှိကြချိန်မှာ အခြေအနေအရ အိမ်ကစက်ပစ္စည်းတွေကိုခေတ်ပေါ်စက်ပစ္စည်းတွေနဲ့ အစားထိုးရတဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့ရပုံတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးကိုကြည့်ပြီး ကိုယ့်ရဲ့မိဘတွေ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ ခံစားချက်တွေကို ကိုယ်ချင်းစာ ခံစားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်..ဒါကြောင့် ခံစားကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်..