နိုင်ငံရပ်ခြားရောက်နေတဲ့ထရစ်စတန်ဟာသူ့အမေဆုံးသွားတဲ့အတွက်မွေးရပ်မြို့ကိုပြန်လာပြီး အသုဘကိစ္စအဝဝကိုဆောင်ရွက်ရင်းနဲ့ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းကယ်လီတို့ဆီသတင်းမေးရင်းအလည်သွားခဲ့တယ်။ငယ်ငယ်တုန်းကကယ်လီနဲ့ဇာတ်လမ်းတွေရှိခဲ့တယ်ဆိုပေမယ့်အခုကတော့ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။အသုဘမှာကယ်လီရဲ့အဖေမလာဖြစ်တာကိုမေးရင်းနဲ့ နိုင်ငံခြားမပြန်ခင်ညီမဖြစ်သူကေတီကိုတွေ့ချင်တဲ့အတွက်ကြောင့်ကယ်လီရဲ့အဖေကိုမေးကြည့်တယ်။ကေတီနာမည်ကိုကြားလိုက်တာနဲ့ ရုပ်ပျက်ဆင်းပျက်သွားတဲ့အတွက် ပထွေးဖြစ်သူဘရန်ဒန်ကိုပဲမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ကယ်လီအဖေကလည်း ပထွေးနဲ့ခပ်ကင်းကင်းနေဖို့နဲ့ ဒီမှာဆက်မနေဖို့ကိုပဲတိုက်တွန်းနေတယ်။ဘရန်ဒန်ကိုမေးတော့လည်းကေတီကထွက်သွားတာလချီနေပြီးအဆက်အသွယ်မရဘူးပဲပြောလွတ်လိုက်လို့စိတ်ပျက်နေတုန်းမှာကယ်လီကလာတွေ့ပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။ကေတီကကိုယ်ကိုယ်ကိုသတ်သေသွားကြောင်းနဲ့ ပထွေးဖြစ်သူရဲ့လက်ချက်မကင်းဆိုတာသိလိုက်တဲ့အခါမှာ....