The Amateur HD

The Amateur

Action Thriller HD 2025-04-09 6.991 123 Min

စီအိုင်အေက နည်းပညာရှင် ဝှက်စာဖော်တဲ့ အေးဂျင့် ချာလီဟယ်လာရဲ့ မိန်းမဟာ CIA အတွင်းက အေးဂျင့်တွေရဲ့ ကြေးစားတွေကြောင့် မြေစာပင်ဖြစ်ကာသေဆုံးသွားပါတယ်....ဒီအရာကို စီအိုင်အေအရာရှိတွေကို တင်ပြပေမယ့် အတွင်းလူတွေပါဝင်နေတာကြောင့် ချာလီရဲ့ မိန်းမသေဆုံးသွားတာကို ဝမ်းနည်းကြောင်းပြနေပေမယ့်..လက်တွေ့မှာ သူတို့ကိုအမှုပြတ်ပတ်မှာဖြစ်တဲ့အတွက် ဘယ်သူမှ အရေးတစ်ယူမလုပ်ခဲ့ပါဘူး...မိန်းမဖြစ်သူရဲ့ သေဆုံးမှုကို ပူဆွေးမနေနိုင်ဘဲ ဒီကြေးစားတွေကို ပြန်သတ်ဖြတ်ဖို့ ချာလီဟယ်လာကြိုးစားပါတော့တယ်..ဒါပေမဲ့ ချာလီက ကွန်ပျူတာရှေ့မှာအမြဲထိုင်နေရတဲ့ စာကြမ်းပိုးလို Nerd တစ်ယောက်ဖြစ်တာကြောင့် သူကိုယ်တိုင်ဖြေရှင်းမယ်ပြောတော့ အထက်လူကြီးတွေက လှောင်ရယ်ကြတယ်...တိုက်ရည်ခိုက်ရည်မရှိ သေနတ်တောင်မပစ်ဖူးတဲ့ ချာလီဟာ သူ့ဇနီးကိုသတ်သွားတဲ့ ဒီလူသတ်သမားတွေကို တစ်ယောက်ချင်းစီခပ်ကြမ်းကြမ်းလိုက်ဖြုတ်ဖို့ ကြိုးစားပါတော့တယ်...