When the Light Breaks FHD

When the Light Breaks

Drama FHD 2024-10-17 6.8 80 Min

Ljósbrot ရုပ်ရှင်ဟာဆိုရင် indie drama film လေးဖြစ်ပြီး Cannes ရုပ်ရှင်ပွဲတော်မှာ အဖွင့်ရုပ်ရှင်အဖြစ် ပြသခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ ရုပ်ရှင်ဆုပေးပွဲပေါင်းများစွာမှာ Best Nordic film ဆုအပါအဝင် ဆုပေါင်း 14ခုရရှိထားခဲ့ပါတယ်။အနုပညာကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ Una မှာ Diddy ဆိုတဲ့ တိတ်တခိုးတွဲရတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။Diddy မတော်တဆမှုကြောင့် သေဆုံးသွားတဲ့နောက် Una ရဲ့ စိတ်အတက်အကျပြောင်းလဲပုံကို ဇာတ်ကားတစ်လျှောက်အတူခံစားရမှာဖြစ်ပါတယ်။တိတ်တခိုးတွဲခဲ့ရတာဖြစ်တဲ့အတွက် ရဲရဲတင်းတင်း ဝမ်းနည်းမပြနိုင်ပဲ ပူဆွေးနေရပုံ၊ မနာလိုမှု ကြေကွဲမှုတွေကြားက တစ်ချက်တစ်ချက်ပေါ်ထွက်လာတဲ့လူငယ်သဘာဝပျော်ရွှင်မှုတွေကို Iceland ရဲ့လှပတဲ့ရှုခင်းတွေနဲ့အတူ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။သင်က အနုပညာနဲ့ စိတ်ခံစားချက်အသားပေးတဲ့ indieရုပ်ရှင်တွေကြိုက်နှစ်သက်သူဆိုရင်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားမို အတူကြည့်ရှုလိုက်ကြရအောင်...