Crush and Blush HD

Crush and Blush

Comedy Drama HD 2008-10-16 6.3 101 Min

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ယန်းမီဆု (Kong Hyo-Jin) ဟာ ကျောင်းရဲ့ အပယ်ခံ ဆရာမတစ်ယောက်ဖြစ်ပြီးမျက်နှာနီမြန်းတဲ့ရောဂါရှိသူဖြစ်ပါတယ်။ ယခင်က အထက်တန်း ရုရှားဘာသာဆရာမ ဖြစ်ခဲ့တဲ့သူမဟာ ရုပ်ချောတဲ့ ရုရှားဆရာမအီယူရီ (Hwang Woo Seul Hye)ကြောင့်အလယ်တန်းအင်္ဂလိပ်စာဆရာမ ဖြစ်သွားပါတော့တယ်။ဒါကြောင့်ပဲ ယန်းမီဆုဟာ ရုပ်ရည်မလှပတဲ့သူမထက် တစ်ပန်းသာနေတဲ့ အီယူရီကိုကြည့်မရဖြစ်ရာကနေ အီယူရီက သူမတစ်ဖက်သတ်ချစ်နေရတဲ့ အိမ်ထောင်သည် ကျောင်းဆရာဆောဂျုံချော (Lee Jong-Hyuk) နဲ့ပါ ဖောက်ပြန်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ချောဂျုံချောရဲ့သမီး ဆောဂျုံဟီး (Seo Woo)နဲ့ ပူးပေါင်းပြီး ဖောက်ပြန်တာကို ဘယ်လိုတားကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ရုပ်ရည်ကြောင့်အပယ်ခံဖြစ်နေရတဲ့ ယန်းမီဆုကိသနားရင်း ရယ်ရင်းနဲ့ ကြည့်ရှုရမဲ့ black-comedy genre ဇာတ်ကားကောင်းလေးဖြစ်လို့တင်ဆက်ပေးလိုက်ရပါတယ်။(လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းအချို့ပါတာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့မသင့်တော်ပါ)