ယွန်းဆော့(Han Suk Kyu) ကတော့ မျိုးရိုးမြင့်မိသားစုက ပညာသင်တစ်ယောက်ဖြစ်ပြီးစုံစမ်းစစ်ဆေးရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ယွန်းဆော့ဟာ တစ်နေ့မှာတော့ မိဖုရား(Kim Min Jung) ရဲ့ တန်ဖိုးထားရတဲ့ ပန်းချီကားကိုအတုနဲ့လဲသွားကြတဲ့သူတွေကို လိုက်လံဖမ်းဆီးဖို့ တာဝန်ကျခဲ့ရာကနေ မိဖုရားနဲ့တွေ့ဆုံခွင့်ရရှိခဲ့တယ်။ပန်းချီကို လဲသွားတဲ့လူလိမ်ကို လိုက်လံဖမ်းဆီးရာကနေ ယွန်းဆော့ဟာ သူနဲ့ရင်းနှီးမှုမရှိတဲ့ညစ်ညမ်းစာပေလောကအကြောင်းကို သိခွင့်ရသွားခဲ့တယ်။ဒီလိုနဲ့ယွန်းဆော့ဟာလည်း ညစ်ညမ်းဝတ္ထုတွေအပေါ် စိတ်ဝင်စားသွားခဲ့ပြီး စာအုပ်တစ်အုပ် စမ်းရေးရာကနေသူ့ရဲ့စာရေးပါရမီကြောင့် မထင်မှတ်ဘဲ အောင်မြင်သွားခဲ့တယ်။တစ်ဖက်မှာလည်း မိဖုရားဖြစ်သူက ယွန်းဆော့ကို စိတ်ဝင်စားနေခဲ့ပြီး တွေ့ဖို့အတွက် ဆက်သွယ်လာခဲ့တယ်။ယွန်းဆော့တစ်ယောက် ဝတ္ထုနယ်ပယ်မှာရော ဘယ်လိုတွေ ကြိုးပမ်းသွားမှာလဲ...မိဖုရားဖြစ်သူနဲ့ရောဘယ်လိုတွေဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစား ကြည့်လိုက်ကြပါဦးနော်။